top of page

ဖက်ဆစ်အကြမ်းဖက် စစ်ကော်မရှင်မှ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ (၁) ရက်နေ့၊ ညသန်းခေါင်နှင့် နိုဝင်ဘာလ (၂) ရက်နေ့တို့၌ အကြမ်းဖက် ဗုံးကြဲတိုက်ခိုက်မှုများကို အာရက္ခဒေသအတွင်း မရပ်မနား နေရာအနှံ ဆက်တိုက်ပြုလုပ်

sawsaw310126
1 day ago
1 min read

ဖက်ဆစ်အကြမ်းဖက် စစ်ကော်မရှင်မှ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ (၁) ရက်နေ့၊ ညသန်းခေါင်နှင့် နိုဝင်ဘာလ (၂) ရက်နေ့တို့၌ အကြမ်းဖက် ဗုံးကြဲတိုက်ခိုက်မှုများကို အာရက္ခဒေသအတွင်း မရပ်မနား နေရာအနှံ ဆက်တိုက်ပြုလုပ်

 

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ (၂) ရက်

 

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ (၁) ရက်နေ့၊ ညသန်းခေါင်ယံ (၁၁) နာရီ (၃၀) မိနစ် နှင့် (၁၂) နာရီ (၄၀) မိနစ် အချိန်ကြားတို့တွင် ကျောက်တော်မြို့နယ်၊ ကန်စောက်တောင်အနီးဝန်းကျင်နှင့် ၎င်းပတ်ဝန်းကျင်ရှိ ယခင် ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်၏ တပ်စခန်းဟောင်းများဖြစ်သည့် ခမရ (၅၃၉) နှင့် အမတ (၃၇၇) နေရာ (၂) ခုတို့ကိုလည်း ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်မှ ဂျက်တိုက်လေယာဉ် (၄) စီးဖြင့် အုပ်စုလိုက် (၁၃) ကြိမ်နှင့် Y-12 လေယာဉ်ဖြင့် ဗုံးအလုံးရေ (၃၀) အထိ ယမန်နေ့တစ်ညလုံး ဆက်လက် အကြမ်းဖက် ဗုံးကြဲ တိုက်ခိုက်ခဲ့သည်။

 

ထိုနည်းတူ ယနေ့ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ (၂) ရက်နေ့၊ မွန်းတည့် (၁၂) နာရီ (၁၅) မိနစ် အချိန်ခန့်တွင်လည်း အာရက္ခပြည်၊ ကျောက်ဖြူမြို့နယ်၊ စနဲမင်းပြင်ကျေးရွာအနီးဝန်းကျင်ရှိ စစ်ဘေးရှောင်စခန်းအား ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်၏ ဂျိုင်ရိုကော်ပတာ (Gyrocopter) တစ်စီးဖြင့် ဗုံး (၂) လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့သောကြောင့် စစ်ဘေးရှောင်အပြစ်မဲ့ အရပ်သားပြည်သူ (၂) ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ (၅) ဦးအထိ ရှိခဲ့သည်။ ထို့အပြင် နွား တစ်ကောင်သေဆုံးခဲ့ပြီး နောက်တစ်ကောင်မှာ ဒဏ်ရာရရှိခဲ့ကာ အဆိုပါစစ်ဘေးရှောင်စခန်းအတွင်းရှိ ပြည်သူများ၏ နေအိမ်အချို့မှာလည်း ထိခိုက်ပျက်စီးဆုံးရှံးခဲ့သည်။

 

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ (၁) ရက်၊ တစ်ရက်တည်းတွင် ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်သည် အာရက္ခဒေသ၏ -

(၁) မြောက်ဦးမြို့နယ်၊ ထမ္မရာဇ်ရပ်ကွက်ရှိ ယာယီဆေးကုခန်းနှင့် အမျိုးသမီးသားဖွားဆောင်၊

 

(၂) ကျောက်တော်မြို့နယ်၊ ဝါးတောင်နှင့် ပန်းဖဲချောင်းကျေးရွာများကို ဆက်သွယ်ထားသော အများပြည်သူသုံး တံတား (၁) စင်း၊ 

 

(၃) ကျောက်ဖြူမြို့နယ်၊ စနဲမင်းပြင်ကျေးရွာနှင့် ဝီရဌာနေမြို့ပေါ်နှင့် ရွာချောင်းကြီးကျေးရွာတို့အား ဂျက်တိုက်လေယာဉ်များဖြင့် တစ်မြို့ပြီးတစ်မြို့ လှည့်ပတ် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

 

ထို့ကြောင့်ယမန်နေ့၊ နိုဝင်ဘာလ (၁) ရက်တည်းအတွင်း ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်၏ လေကြောင်းမှ အကြမ်းဖက် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူ မွေးကင်းစ ကလေးငယ်တစ်ဦးအပါအဝင် သေဆုံးသူ (၁၂) ဦးရှိခဲ့ပြီး တစ်နှစ်အထက် ကလေးငယ်များအပါအဝင် လူကြီး လူငယ် စုစုပေါင်း (၃၂) ဦးအထိ ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။

 

ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်သည် အာရက္ခတပ်တော်အား ထိုးစစ်ဆင်တိုက်ခိုက်နေသော စစ်မျက်နှာတိုင်း၌ အထိအခိုက်၊ အကျအဆုံးများဖြင့် ရှေ့မတိုးနိုင်သောကြောင့် အာရက္ခပြည်သူလူထုများကို ပစ်မှတ်ထားတိုက်ခိုက်ပြီး အကြမ်းဖက်မှုများကို မိုက်ရူးရဲစွာဖြင့် ဆက်တိုက်ကျူးလွန်လျက်ရှိသည်။

 

(ဓာတ်ပုံ - ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ (၂) ရက်နေ့၊ မွန်းတည့် (၁၂) နာရီ (၁၅) မိနစ်အချိန်ခန့်တွင် အာရက္ခပြည်၊ ကျောက်ဖြူမြို့နယ်၊ စနဲမင်းပြင်ကျေးရွာအနီးဝန်းကျင်ရှိ စစ်ဘေးရှောင်စခန်းအား ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်မှ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်ပြည်သူများ သေဆုံးဒဏ်ရာရရှိမှုနှင့် အိမ်မွေးတိရစ္ဆာန်များ သေဆုံးမှု မှတ်တမ်း)

 

သတင်းနှင့်ပြန်ကြားရေး

အာရက္ခတပ်တော်

 


Comments


Subscribe to Our Newsletter

  • White Facebook Icon

© 2035 by TheHours. Powered and secured by Wix

bottom of page