ကျောက်တော်၊ မြောက်ဦး၊ ကျောက်ဖြူ နှင့် ဝီရဌာနေ မြို့နယ် (၄) ခုကို ဖက်ဆစ်အကြမ်းဖက် စစ်ကော်မရှင်မှ နိုဝင်ဘာလ (၁) ရက်တည်းတွင် ဆက်တိုက်အကြမ်းဖက် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး စစ်ရာဇဝတ်မှုများကို ထပ်မံကျူးလွန်






































ကျောက်တော်၊ မြောက်ဦး၊ ကျောက်ဖြူ နှင့် ဝီရဌာနေ မြို့နယ် (၄) ခုကို ဖက်ဆစ်အကြမ်းဖက် စစ်ကော်မရှင်မှ နိုဝင်ဘာလ (၁) ရက်တည်းတွင် ဆက်တိုက်အကြမ်းဖက် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်းထပ်မံကျူးလွန်
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ (၁) ရက်
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ (၁) ရက်နေ့၊ ညနေ (၅) နာရီ (၂၅) မိနစ်အချိန်ခန့်တွင် အာရက္ခဒေသ၏ကျောက်တော်မြို့နယ်၊ ဝါးတောင်ကျေးရွာနှင့် ပန်းဖဲချောင်းကျေးရွာကို ဆက်သွယ်ထားသော တံတားအား ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်မှ ဂျက်တိုက်လေယာဉ်တစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် လမ်းသွားလမ်းလာ အပြစ်မဲ့ခရီးသွားပြည်သူ သေဆုံးသူ (၇) ဦးအထိရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ (၇) ဦး ရှိခဲ့သည်။ ထို့အပြင် အဆိုပါတံတားမှာလည်း ပျက်စီးခဲ့ရပြီး တံတားပေါ်သွားလာနေကြသော ဆိုင်ကယ်၊ ဘေးတွဲဆိုင်ကယ်များ နှင့် တံတား အနီးအနားပတ်ဝန်းကျင်မှ ပြည်သူများ၏ နေအိမ်အချို့ ပျက်စီးဆုံးရှုံးခဲ့သည်။
အလားတူ ယနေ့ (၅) နာရီ (၂၇) မိနစ်အချိန်ခန့်တွင် မြောက်ဦးမြို့နယ်၊ ထမ္မရာဇ်ရပ်ကွက် ငွေတောင်ပေါက်အနီးရှိ ဒေသခံပြည်သူလူထုများကို ဆေးကုသပေးနေသည့် ယာယီဆေးကုခန်း၊ သားဖွားဆောင် နှင့် ၎င်းပတ်ဝန်းကျင်တို့အား ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်မှ ဂျက်တိုက်လေယာဉ် (၂) စီးဖြင့် Cluster ဗုံး (၄) လုံးကြဲချတိုက်ခိုက်ခဲ့သေးသည်။ အဆိုပါတိုက်ခိုက်မှုဖြစ်စဉ်အတွင်း မွေးကင်းစ ကလေးငယ်တစ်ဦးအပါအဝင် အပြစ်မဲ့အရပ်သားပြည်သူ လက်ရှိအချိန်ထိသေဆုံးသူ (၅) ဦးရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ (၉) ဦးအထိရှိခဲ့သည်။ ထို့အပြင် ဆေးဝန်ထမ်းအချို့ဒဏ်ရာရရှိကာ ဆေးခန်းအဆောင်များနှင့် လူနေအိမ်အချို့ ပျက်စီးဆုံးရှုံးခဲ့သည်။
ထိုနည်းတူ ကျောက်ဖြူမြို့နယ်၊ စနဲမင်းပြင်ရွာကိုလည်း ယနေ့၊ ညနေ (၅) နာရီအချိန်ခန့်တွင် ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်မှ ဂျက်တိုက်လေယာဉ် (၂) စီးဖြင့် လာရောက်ဗုံးကြဲ တိုက်ခိုက် ခဲ့သောကြောင့် အပြစ်မဲ့အရပ်သားပြည်သူ အမျိုးသမီး (၅) ဦး နှင့် အမျိုးသား (၆) ဦး စုစုပေါင်း (၁၁) ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး နေအိမ်အဆောက်အအုံများ ပျက်စီးဆုံးရှုံးခဲ့သည်။
ယနေ့ နံနက် (၃) နာရီ (၅၈) မိနစ်အချိန်ခန့်တွင်လည်း ဝီရဌာနေ မြို့ပေါ်နှင့် ရွာချောင်းကြီးကျေးရွာတို့ကို ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်မှ Y-12 လေယာဉ်တစ်စီးဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက် ခဲ့သောကြောင့် အပြစ်မဲ့အရပ်သားပြည်သူ အမျိုးသမီး (၃) ဦးနှင့် အမျိုးသား (၂) ဦး စုစုပေါင်း (၅) ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြသည်။ ထို့အပြင် နေအိမ် အဆောက်အအုံအချို့ ပျက်စီးဆုံးရှုံးခဲ့သည်။
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ (၁) ရက်တည်း၌ ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်သည် အာရက္ခဒေသ၏ ကျောက်တော်မြို့နယ်၊ မြောက်ဦးမြို့နယ်၊ ကျောက်ဖြူမြို့နယ် နှင့် ဝီရဌာနေမြို့နယ်များ၌ရှိသော အများပြည်သူများသွားလာရာ လမ်း၊ တံတား၊ ဆေးရုံ၊ ဆေးခန်းများနှင့် လူနေရပ်ကွက်များကို ရှေ့ဆင့်နောက်ဆင့်တိုက်ခိုက်ပြီး အကြမ်းဖက်မှုများကို ဆက်တိုက်ကျူးလွန်ခဲ့သည်။
ယနေ့တစ်ရက်တည်းအတွင်း ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်၏ လေကြောင်းမှ အကြမ်းဖက် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူ မွေးကင်းစ ကလေးငယ်တစ်ဦးအပါအဝင် သေဆုံးသူ (၁၂) ဦးရှိခဲ့ပြီး တစ်နှစ်အထက် ကလေးငယ်များအပါအဝင် လူကြီး လူငယ် စုစုပေါင်း (၃၂) ဦးအထိ ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။
သတင်းနှင့်ပြန်ကြားရေး
အာရက္ခတပ်တော်


Comments