top of page

ဖက်ဆစ်အကြမ်းဖက်စစ်ကော်မရှင်မှ စစ်ဘေးရှောင်(IDP)စခန်းများအား ဂျက်တိုက်လေယာဉ်အုပ်စုလိုက်ဖြင့် အကြမ်းဖက် ဗုံးကြဲတိုက်ခိုက်မှုများကို ဆက်တိုက်ပြုလုပ်နေပြီး စစ်ရာဇဝတ်မှုများကို ဆိုးဝါးစွာဆက်တိုက်ကျူးလွန်နေ

sawsaw310126
Oct 5
1 min read

Updated: Oct 6




ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်မှ စစ်ဘေးရှောင်(IDP)စခန်းများအား ဂျက်တိုက်လေယာဉ်အုပ်စုလိုက်ဖြင့် အကြမ်းဖက် ဗုံးကြဲတိုက်ခိုက်မှုများကို ဆက်တိုက်ပြုလုပ်နေပြီး စစ်ရာဇဝတ်မှုများကို ဆိုးဝါးစွာဆက်တိုက်ကျူးလွန်နေ

 

 

 

၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ (၅) ရက်

 

ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်သည် အာရက္ခပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ သရက်ချို နှင့် ယိုးငူကျေးရွာကြားရှိ ဗျာလစစ်ဘေးရှောင် (IDP) စခန်းအား ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ (၄) ရက်နေ့တွင် ဂျက်တိုက်လေယာဉ် (၂) စီးဖြင့် အကြမ်းဖက် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အပြစ်မဲ့ စစ်ဘေးရှောင် အရပ်သားပြည်သူ (၆) ဦးသေဆုံးခဲ့ပြီး (၁၀) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြသည်။ အဆိုပါဒဏ်ရာရရှိသူများထဲမှ (၅) ဦးမှာ ပြင်းထန်ဒဏ်ရာရရှိခဲ့ကြသည်။ ထို့အပြင် စစ်ဘေးရှောင်များနေထိုင်သော အိမ်ခန်းများ၊ အသုံးအဆောင်ပစ္စည်းများအပါအဝင် ဆိုင်ကယ်များ၊ ဘေးတွဲဆိုင်ကယ်အများအပြားမှာ မီးလောင်ဆုံးရှုံးခဲ့ရသည်။

 

ဗျာလစစ်ဘေးရှောင်စခန်းအား ဗုံးကြဲတိုက်ခိုက်ပြီး နောက်တစ်ရက်ဖြစ်သော ယနေ့ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ (၅) ရက်နေ့တွင်လည်း ပန်းနီလာကျေးရွာ စစ်ဘေးရှောင် (IDP) စခန်းနှင့် ၎င်းစခန်းအတွင်းရှိ “စေတနာ” အာရက္ခပြည်သူ့အကျိုးပြုဆေးခန်းတို့အပြင် အောင်ဖြူပြင်ကျေးရွာတို့ကိုလည်း ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ ဂျက်တိုက်လေယာဉ်အုပ်စုလိုက်ဖြင့် နာရီဝက်နီးပါးကြာ အတွဲလိုက် Cluster ဗုံးများနှင့် ပေါင် (၃၀၀) ဗုံးများဖြင့် အကြမ်းဖက်တိုက်ခိုက်ခဲ့သည်။

 

အဆိုပါ အကြမ်းဖက်ဗုံးကြဲတိုက်ခိုက်မှုအတွင်း ပန်းနီလာကျေးရွာ စစ်ဘေးရှောင်စခန်းရှိ “စေတနာ” အာရက္ခပြည်သူ့အကျိုးပြု ယာယီဆေးခန်းပျက်စီးသွားခဲ့ပြီး ၎င်းဆေးခန်းရှိ သူနာပြု အလုပ်သင်ဆေးဝန်ထမ်းတစ်ဦးဖြစ်သူ မခိုင်သဇင်စိုး (၁၈ နှစ်) နှစ်မှာ ဦးခေါင်းတွင် ဗုံးစထိမှန်ခဲ့ပြီး ပြင်းထန်ဒဏ်ရာဖြင့် ဆေးကုသမှုခံယူနေစဉ် များမကြာမီ သေဆုံးသွားခဲ့သည်။ 

 

ထို့အပြင် အောင်ဖြူပြင်ကျေးရွာတွင် ပုဏ္ဏားကျွန်းမှလာရောက် စစ်ဘေးရှောင်နေကြသော ဒေါ်လှမေသိန်း (၅၄ နှစ်) မှာ ဦးခေါင်းကို ဗုံးစထိမှန်ပြီး နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး နောက်ထပ် စစ်ဘေးရှောင်တစ်ဦးဖြစ်သည့် ဦးညီချေ (၆၃ နှစ်) မှာ ရင်ဘတ်နှင့် ခြေထောက်တို့တွင် ဒဏ်ရာများရရှိသွားခဲ့သည်။

 

အထိန်းအကွပ်မရှိ ငရဲခွေးထက်ဆိုးသည့် မိုက်ကန်းသောစိတ်ထားဖြင့် လူမျိုးမရွေး၊ ဘာသာမရွေး အပြစ်မဲ့အရပ်သားပြည်သူလူထု၊ ရဟန်းသံဃာ၊ ကိုယ်ဝန်ဆောင်၊ ကလေးသူငယ်များပါမချန် ၎င်းတို့အားလုံးအပေါ် အကြမ်းဖက် လေကြောင်းတိုက်ခိုက်မှုများကို ခပ်စိပ်စိပ်ပြုလုပ်လာနေသောကြောင့် ယခုရက်များအတွင်း “ လေကြောင်းရန်” ကို အချိန်တိုင်း၊ စက္ကန့်တိုင်း အမြဲ သတိထားကြရန် အထူး တိုက်တွန်းလိုက်ပါသည်။

 

(ဓာတ်ပုံ - ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ (၅) ရက်နေ့တွင် ပုဏ္ဏားကျွန်းမြို့နယ်၊ ပန်းနီလာကျေးရွာ စစ်ဘေးရှောင် (IDP) စခန်းနှင့် အောင်ဖြူပြင်ကျေးရွာတို့ကို ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ ဂျက်တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့ စစ်ဘေးရှောင် အရပ်သားပြည်သူများ သေဆုံး ဒဏ်ရာရရှိမှုနှင့် ဆေးခန်းပျက်စီးမှု မှတ်တမ်းဓာတ်ပုံအချို့)

 

သတင်းနှင့်ပြန်ကြားရေး

အာရက္ခတပ်တော်

 

Comments


Subscribe to Our Newsletter

  • White Facebook Icon

© 2035 by TheHours. Powered and secured by Wix

bottom of page