top of page

ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်၏ ပါရာမော်တာတစ်စင်းအား နတ်ရေကန်ဗျူဟာကုန်း ပတ်ဝန်းကျင်၌ အာရက္ခတပ်တော်မှ ပစ်ချနိုင်ခဲ့

sawsaw310126
5 days ago
1 min read

ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်၏ ပါရာမော်တာတစ်စင်းအား နတ်ရေကန်ဗျူဟာကုန်း ပတ်ဝန်းကျင်၌ အာရက္ခတပ်တော်မှ ပစ်ချနိုင်ခဲ့


၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ (၃၀) ရက်


ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင် နှင့် အာရက္ခတပ်တော်တို့ဖြစ်ပွားနေကြသော စစ်မျက်နှာများစွာထဲမှတစ်ခုဖြစ်ပြီး ယနေ့အချိန်အထိ အာရက္ခတပ်တော်မှ ဝိုင်းပတ်ပိတ်ဆို့ထားသော နတ်ရေကန်ဗျူဟာကုန်းပတ်ဝန်းကျင်၌ နှစ်ဖက်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက် ရှိနေဆဲဖြစ်သည်။


ဤနေရာပတ်ဝန်းကျင်များ၌ တိုက်ပွဲများမှာ နေ့စဉ်ရက်ဆက်ဖြစ်ပွားလျက်ရှိနေပြီး ယနေ့ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ (၃၀) ရက်နေ့၊ နံနက် (၈) နာရီအချိန်ခန့်တွင် နတ်ရေကန်ဗျူဟာကုန်းသို့ ခဲယမ်းနှင့်ရိက္ခာလာချသော ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်၏ ပါရာမော်တာ တစ်စင်းအား အာရက္ခတပ်တော် တပ်ဖွဲ့ဝင်များမှ ပစ်ချနိုင်ခဲ့ပြီး ၄င်းယာဉ်နှင့်အတူပါရှိသော ခဲယမ်းနှင့် ရိက္ခာအချို့တို့အား မိမိတို့မှသိမ်းဆည်းရမိခဲ့သည်။


စက်တင်ဘာလ နှင့် အောက်တိုဘာလများအတွင်း စစ်တွေစစ်မျက်နှာ၌ ရန်သူ၏ထိုးစစ်များကြောင့် တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားလျက်ရှိသည်။ ရန်သူ့ထိုးစစ်အရှိန်သည်လည်း ကျဆင်းသွားခြင်းမရှိသေးဘဲ ဆက်လက် ရှေ့တိုးရန်ကြိုးစားနေသော်လည်း အထိအခိုက် အကျအဆုံးများနှင့်သာ ကြုံတွေ့ရလျက်ရှိသည်။

ထို့အပြင် အာရက္ခဒေသနှင့် ထိစပ်နေသော စစ်မျက်နှာများတွင်လည်း တိုက်ပွဲများမှာ ပုံမှန်ဖြစ်ပွားလျက်ရှိသည်။


အာရက္ခတပ်တော်တပ်ဖွဲ့ဝင်များမှ အရှုံးမပေးသောစိတ်ဓာတ်၊ လုံးဝ နောက်မဆုတ်သော စိတ်ဓာတ်၊ အတက်အဆုတ်ဟန်ချက်ညီညီ ပြောင်းလွယ်ပြင်လွယ်သည့် နည်းဗျူဟာများဖြင့် အကောင်းဆုံး တုံ့ပြန်တိုက်ခိုက်လျက်ရှိသည်။


၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ (၂၆) ရက်နေ့တွင်လည်း စစ်တွေစစ်မျက်နှာ၌ ရေကြောင်းစစ်ဆင်ရေးတွင် ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်၏ စစ်သင်္ဘောများကို အာရက္ခတပ်တော်မှ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ပြီးနောက် ယခုဒုတိယအကြိမ်မြောက် ရန်သူ၏ စစ်ဘက်ဆိုင်ရာ လေကြောင်းတိုက်ခိုက်ရေး(ထောက်ပံ့ရေး)ယာဉ်တစ်စီးအား ထပ်မံတိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ခြင်းဖြစ်သည်။


(Video - ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ (၃၀) ရက်နေ့၊ နံနက် (၈) နာရီအချိန်ခန့်တွင် နတ်ရေကန်ဗျူဟာကုန်းသို့ ခဲယမ်းနှင့်ရိက္ခာလာချသော ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်၏ ပါရာမော်တာ အား အာရက္ခတပ်တော် တပ်ဖွဲ့ဝင်များမှ ပစ်ချခဲ့စဉ်)


သတင်းနှင့်ပြန်ကြားရေး

အာရက္ခတပ်တော်

 


Recent Posts

See All

Comments


Subscribe to Our Newsletter

  • White Facebook Icon

© 2035 by TheHours. Powered and secured by Wix

bottom of page