top of page

အာရက္ခပြည်အနှံ့မှ စစ်ရေးပစ်မှတ်မဟုတ်သော နေရာများကို ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်သည် လေကြောင်းအကြမ်းဖက်တိုက်ခိုက်မှုများကို မရပ်မနား ရက်ဆက် ပြုလုပ်လျက်ရှိ

sawsaw310126
Oct 1
1 min read

အာရက္ခပြည်အနှံ့မှ စစ်ရေးပစ်မှတ်မဟုတ်သော နေရာများကို ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်သည် လေကြောင်းအကြမ်းဖက်တိုက်ခိုက်မှုများကို မရပ်မနား ရက်ဆက် ပြုလုပ်လျက်ရှိ

 

၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်

အာရက္ခပြည်၊ ကျောက်တော်မြို့၊ အိန္ဒိယဈေးနှင့် ကစ္ဆပနဒီတံတားအနီးဝန်းကျင်တို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူ (၅၀) ဦး သေဆုံးပြီး (၅၇) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပြီးသည့်နောက်ပိုင်းတွင်လည်း ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ဝီရဌာနေ(ပေါက်တော)၊ ကျောက်တော်နှင့် သံတွဲ မြို့တို့ရှိ စစ်ရေးပစ်မှတ်မဟုတ်သောနေရာများကို ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်မှ ဂျက်တိုက်လေယာဉ် အုပ်စုလိုက်ဖြင့် ထပ်မံ ဗုံးကြဲတိုက်ခိုက်ခြင်းများကို ဆက်တိုက်ပြုလုပ်လျက်ရှိသည်။

 

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်နှင့် အောက်တိုဘာလ (၁) ရက်နေ့တို့တွင်လည်း ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်သည် အာရက္ခပြည်အနှံ စစ်ရေးပစ်မှတ်မဟုတ်သော နေရာများအား မရပ်မနား ရက်ဆက် လေကြောင်းမှ အကြမ်းဖက်တိုက်ခိုက်ခဲ့သည်။

 

ထို့ကြောင့် အပြစ်မဲ့အရပ်သားပြည်သူအချို့ ထပ်မံသေဆုံး ဒဏ်ရာရမှုများရှိခဲ့ကာ ဘုန်းကြီးကျောင်း၊ လူနေအိမ်တချို့ ထပ်မံပျက်စီးခဲ့သည်။

 

သတင်းအသေးစိတ်ကို ဆက်လက်ဖော်ပြပေးသွားပါမည်။

 

Comments


Subscribe to Our Newsletter

  • White Facebook Icon

© 2035 by TheHours. Powered and secured by Wix

bottom of page