အာရက္ခပြည်၊ ရသေ့တောင်မြို့နယ်ကို ဖက်ဆစ်အကြမ်းဖက် စစ်ကော်မရှင်မှ ညအချိန်၌ ထပ်မံအကြမ်းဖက်ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူ (၂) ဦးသေဆုံးပြီး (၁၃) ဦးဒဏ်ရာရ





























အာရက္ခပြည်၊ ရသေ့တောင်မြို့နယ်ကို ဖက်ဆစ်အကြမ်းဖက် စစ်ကော်မရှင်မှ ညအချိန်၌ ထပ်မံအကြမ်းဖက်ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူ (၂) ဦးသေဆုံးပြီး (၁၃) ဦးဒဏ်ရာရ
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ (၃) ရက်
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ (၃) ရက်နေ့၊ ယနေ့ နံနက် (၁) နာရီအချိန်ခန့်တွင် အာရက္ခပြည်၊ ရသေ့တောင်မြို့ရှိ မြို့ပေါ် ရပ်ကွက်များအပါအဝင် ပြားချောင်းကြီးကျေးရွာနှင့် ပြင်ခေါင်ကျေးရွာတို့အား ဖက်ဆစ်အကြမ်းဖက် စစ်ကော်မရှင်တပ်မှ Y-12 လေယာဉ်တစ်စီးဖြင့် နာရီဝက်ခန့်ကြာ လှည့်ပတ်ပြီး ဗုံးအလုံးရေ (၂၀) ခန့်အား ကြဲချကာ အကြမ်းဖက် တိုက်ခိုက်ခဲ့သည်။
အဆိုပါ လေကြောင်းအကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်အတွင်း ရသေ့တောင်မြို့ပေါ် တောင်ရင်းတန်းရပ်ကွက်မှ ကိုးတန်းကျောင်းသူ မမိုးမိုးနွယ် (၁၅ နှစ်) နှင့် ပြားချောင်းကြီးကျေးရွာမှ ဦးအောင်ကျော်သာ (၇၀ နှစ်) တို့ (၂) ဦးမှာ နေရာ၌ပင် ပွဲချင်းပြီးသေဆုံးသွားခဲ့ရသည်။ ထို့အပြင် နောက်ထပ်အပြစ်မဲ့ အရပ်သားပြည်သူ (၁၀) ဦး မှာလည်း ဗုံးစများထိမှန်ပြီး ဒဏ်ရာအသီးသီး ရရှိခဲ့ကြပြီး ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ လူနေအိမ်အဆောက်အအုံနှင့် လယ်ယာအချို့ တို့ ပျက်စီးဆုံးရှုံးခဲ့ရသည်။
ယနေ့ အောက်တိုဘာလ (၃) ရက်၊ နံနက် (၁) နာရီ (၃၅) မိနစ်အချိန်ခန့်တွင်လည်း ရသေ့တောင်မြို့နယ်၊ အငူမော်ကျေးရွာအတွင်းသို့ ဖက်ဆစ်အကြမ်းဖက် စစ်ကော်မရှင်မှ Y-12 လေယာဉ်တစ်စီးဖြင့် ဗုံး (၄) လုံး ကြဲချတိုက်ခိုက်ခဲ့သောကြောင့် အပြစ်မဲ့ ရွာသူ/သား (၃) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် နွား (၂) ကောင်နှင့် နေအိမ် (၁) လုံး ပျက်စီးဆုံးရှုံးခဲ့ရသည်။
ဖက်ဆစ်အကြမ်းဖက် စစ်ကော်မရှင်သည် အာရက္ခပြည်အနှံ့ မြို့ရွာများမှ စစ်ရေးပစ်မှတ်မဟုတ်သော အပြစ်မဲ့ပြည်သူများနေထိုင်ရာ နေရာများကို နေ့စဉ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်ပြီး စစ်ရာဇဝတ်မှုများကို မရပ်မနား ဆက်တိုက်ကျူးလွန်နေဆဲဖြစ်သည်။
သတင်းနှင့်ပြန်ကြားရေး
အာရက္ခတပ်တော်



Comments