အာရက္ခပြည်၊ ကျောက်တော်မြို့၊ အိန္ဒိယစျေး၊ လေကြောင်းတိုက်ခိုက်ခံရမှု နောက်ဆက်တွဲသတင်း(သေဆုံးသူ ၅၀ ဦး အထိရှိလာ)
အာရက္ခပြည်၊ ကျောက်တော်မြို့၊ အိန္ဒိယစျေး၊ လေကြောင်းတိုက်ခိုက်ခံရမှု နောက်ဆက်တွဲသတင်း(သေဆုံးသူ ၅၀ ဦး အထိရှိလာ)
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၂၉) ရက်
ကျောက်တော်၊ အိန္ဒိယစျေး နှင့် ကစ္ဆပနဒီတံတားပတ်ဝန်းကျင်တို့အား ဖက်ဆစ်အကြမ်းဖက် စစ်ကော်မရှင်၏ ယမန်နေ့ လေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဉ်အတွင်း အစုလိုက်အပြုံလိုက် သေဆုံးသူများအပြင် နောက်ထပ်ပြင်းထန်စွာဒဏ်ရာရရှိသူ (၂၂) ဦးအထိရှိခဲ့သည်။
၄င်းတို့ (၂၂) ဦးအနက်မှ ဆေးကုသမှုခံယူနေစဉ်အတွင်း ပုဏ္ဏားကျွန်းမြို့နယ်၊ အောင်မြေကုန်းဇာတိဖြစ်သူ ဦးအောင်မင်းထွန်း အသက် (၄၀ နှစ်) (အဘ-ဦးမောင်ဘစိန် + အမိ-ဒေါ်ဒေါင်းမစိန်) သည် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၂၉) ရက်၊ နံနက် (၁၁) နာရီ (၂၀) မိနစ်အချိန်တွင် ဆေးကုသမှုခံယူနေသည့်အခိုက် သေဆုံးခဲ့သည်။
ထို့ကြောင့် လက်ရှိအချိန်တွင် ဤလေကြောင်းတိုက်ခိုက်ခံရ၍ သေဆုံးသူဦးရေ စုစုပေါင်း (၅၀) ဦး အထိ ရှိလာခဲ့ပြီး ပြင်းထန်ဒဏ်ရာရရှိသူ (၂၁) ဦးကျန်နေဆဲဖြစ်သည်။
နောက်ဆက်တွဲ သတင်းများအား အချိန်နှင့်တပြေးညီ ဆက်လက်တင်ပေးသွားပါမည်။



Comments