စက်တင်ဘာလ ၁၇ ရက်မှ ၂၇ ရက်နေ့အထိ အာရက္ခပြည်အနှံ့ မြို့ရွာများအား အကြမ်းဖက် စစ်ကော်မရှင်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အပြစ်မဲ့အရပ်သားပြည်သူ သေဆုံးဒဏ်ရာရရှိမှုနှင့်အဆောက်အအုံပျက်စီးဆုံးရှုံးမှုများ

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၁၇) ရက်နေ့မှ (၂၇) ရက်နေ့အထိ အာရက္ခပြည်အနှံ့ မြို့ရွာများအား ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူ သေဆုံးဒဏ်ရာရရှိမှုနှင့် အဆောက်အအုံပျက်စီးမှုများ
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၂၇) ရက်
အာရက္ခဒေသ ၏ ဆက်စပ်နေသောစစ်မျက်နှာပြင်တိုင်းတွင် စစ်ရေးအရှုံးနှင့်ရင်ဆိုင်နေရသော ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်သည် ရှုံးမဲမဲကာ အာရက္ခပြည်အနှံ့ စစ်ရေးပစ်မှတ်မဟုတ်သော စာသင်ကျောင်း၊ ဘာသာရေးအဆောက်အအုံ၊ ဆေးရုံ၊ ဆေးခန်း၊ စစ်ဘေးရှောင်နေရာ နှင့် အပြစ်မဲ့ပြည်သူများနေထိုင်ရာ နေရာများအား သူရဲဘောကြောင်စွာဖြင့် နေ့စဉ်ရက်ဆက် နေ့ရောညပါ လေကြောင်းမှ အကြမ်းဖက် ဗုံးကြဲတိုက်ခိုက်လျက်ရှိသည်။
၁။ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၂၇) ရက်နေ့၊ နံနက် (၇) နာရီ (၁၄) မိနစ်အချိန်ခန့်တွင် အမ်းမြို့နယ်၊ လေးအိမ်စုကျေးရွာအနီးပတ်ဝန်းကျင်အား ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ Y-12 ၊ ဂျက်တိုက်လေယာဉ်တို့ဖြင့် နာရီဝက်နီးပါးကြာ ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် လေးအိမ်စုကျေးရွာနေ ဦးမောင်ထွား၏ နွား (၁) ကောင် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
၂။ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၂၆) ရက်နေ့၊ ညသန်းခေါင်ကျော် (၁၂) နာရီ (၃၀) မိနစ်အချိန်ခန့်တွင် အဉ္ဇနပူရမြို့ (မင်းပြား) ကို ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ Y-12 လေယာဉ်တစ်စီးဖြင့် (၁၅) မိနစ်ခန့်ကြာ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုအတွင်း အဉ္ဇနပူရမြို့၊ ဈေးဟောင်းပိုင်းရပ်ကွက်မှ အပြစ်မဲ့အရပ်သားပြည်သူ (၁) ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။
၃။ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၂၅) ရက်နေ့၊ ညသန်းခေါင် (၁) နာရီအချိန်ခန့်တွင် ဂွမြို့နယ်၊ ကျိန္တလီမြို့နှင့် ရေကျော်ကျေးရွာတို့အား ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ ဂျက်တိုက်လေယာဉ်ဖြင့် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ကျိန္တလီမြို့မှ အပြစ်မဲ့ပြည်သူ (၃) ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြပြီး လူနေအိမ် (၁၃) လုံး ပျက်စီးဆုံးရှုံးခဲ့ရသည်။ ထို့အပြင် ရေကျော်ကျေးရွာမှ ဘုန်းကြီးကျောင်းဆောင်များအပြင် လူနေအိမ် (၁၁) လုံး ပျက်စီးဆုံးရှုံးခဲ့ရပြီး နွား (၂) ကောင် သေဆုံးခဲ့သည်။
၄။ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၂၄) ရက်နေ့၌လည်း အများပြည်သူ အိပ်မောကျနေချိန် ညသန်းခေါင် (၂) နာရီ (၁၀) မိနစ်အချိန်ခန့်တွင် ကျောက်တော်မြို့နှင့်အနီးတဝိုက်ကို ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ Y-12 လေယာဉ်တစ်စီးဖြင့် နာရီဝက်ခန့်ကြာ ဗုံးအလုံးရေ (၃၀) နီးပါး လှည့်ပတ်ဗုံးကြဲချတိုက်ခိုက်ခဲ့သည်။ အဆိုပါလေကြောင်းတိုက်ခိုက်မှုအတွင်း (၁၀) နှစ်အောက် ကလေးငယ် (၂) ဦးအပါအဝင် အပြစ်မဲ့အရပ်သားပြည်သူ (၇) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည်။
၅။ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၂၃) ရက်နေ့၊ ည (၁၂) နာရီ (၃၀) မိနစ်အချိန်ခန့်တွင် ပုဏ္ဏားကျွန်းမြို့နယ်၊ ဖက်ကျကျေးရွာကို ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ Y-12 တစ်စီး၊ ဂျက်တိုက်လေယာဉ် (၂) စီးတို့ဖြင့် နာရီဝက်ခန့်ကြာ ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူ (၂) ဦး နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။ ထို့အပြင် နေအိမ် (၂၅) လုံးပျက်စီးကာ ဝက်တစ်ကောင်၊ နွားတစ်ကောင် သေဆုံးခဲ့သည်။ စက်တင်ဘာလ (၇) ရက် နှင့် (၁၇) ရက်နေ့တို့တွင်လည်း ဖက်ကျကျေးရွာကို ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သေးသည်။
၆။ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၂၁) ရက်နေ့၊ ည (၁၁) နာရီ (၂၀) မိနစ် အချိန်ခန့်တွင် ဂွမြို့နယ်၊ ဆတ်သွားကျေးရွာကို ဂျက်တိုက်လေယာဉ် တစ်စီးဖြင့် ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့ရာ ပြည်သူ (၂) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဈေးဆိုင် (၂) ဆိုင်၊ အိမ် (၁) လုံးနှင့် ဆိတ် (၂) ကောင် သေဆုံးခဲ့သည်။
၇။ စက်တင်ဘာလ (၂၁) ရက်နေ့၊ နံနက် (၆) နာရီခန့်အချိန်တွင်လည်း ဝီရဌာနေ(ပေါက်တော)၊ တောင်းဖူးကျေးရွာ စာသင်ကျောင်းအနီးဝန်းကျင်ကို ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ ဂျက်တိုက်လေယာဉ် (၂) စီးဖြင့် နာရီဝက်ခန့်ကြာ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် စာသင်ကျောင်းဆောင်များ ပျက်စီးဆုံးရှုံးခဲ့သည်။
၈။ စက်တင်ဘာလ (၂၀) ရက်နေ့ ညသန်းခေါင် (၁၂) နာရီ (၃၀) မိနစ်အချိန်နှင့် (၁) နာရီ (၁၆) မိနစ်အချိန်တို့တွင် ဝီရဌာနေ(ပေါက်တော)၊ တောင်းဖူးကျေးရွာနှင့် သမိုင်းဝင် တောင်းဖူးဘုရား အနီးဝန်းကျင်တို့ကို ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ ဂျက်တိုက်လေယာဉ်များဖြင့် (၅) ကြိမ် ရှေ့ဆင့် နောက်ဆင့် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ အဆိုပါတိုက်ခိုက်မှုအတွင်း အပြစ်မဲ့ပြည်သူ အမျိုးသမီး (၁) ဦးသေဆုံးခဲ့ပြီး၊ နောက် (၁) ဦးမှာ ထိခိုက်ဒဏ်ရာများရရှိခဲ့သည်။ ထို့အပြင် သမိုင်းဝင် တောင်းဖူးဘုရားသိမ်အဆောင်နှင့် ဘုန်းကြီးကျောင်းတို့ ပျက်စီးခဲ့သည်။
၉။ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၂၀) ရက်နေ့၊ နံနက် (၁၀) နာရီ (၂၀) မိနစ်အချိန့်ခန့်တွင် ရသေ့တောင်မြို့နယ်၊ ဇီးကိုင်းကျေးရွာအား ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ၎င်းကျေးရွာ၌နေထိုင်သော အပြစ်မဲ့အရပ်သား ပြည်သူ (၂) ဦး လက်နက်ကြီးအစထိမှန်ပြီး သေဆုံးသွားခဲ့သည်။
အလားတူ စက်တင်ဘာလ (၂၀) ရက်နေ့၊ ညနေ (၅) နာရီ (၅) မိနစ်အချိန်ခန့်တွင် ပုဏ္ဏားကျွန်းမြို့နယ်၊ ကုလားချောင်းကျေးရွာ (ရွာကြီး) ကို ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ ဂျက်တိုက်လေယာဉ်ဖြင့် (၃) ကြိမ် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အပြစ်မဲ့အရပ်သား ပြည်သူ (၁) ဦးသေဆုံးခဲ့ပြီး နေအိမ် (၆) လုံး ပျက်စီးဆုံးရှုံးခဲ့သည်။
၁၀။ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၁၈) ရက်နေ့၊ နံနက် (၁၁) နာရီ (၂၆) မိနစ် အချိန်ခန့်တွင် သံတွဲမြို့နယ်၊ သစ်ငုတ်တို နှင့် အိုးမြေကျေးရွာ အနီးဝန်းကျင်တို့အားဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ ဂျက်တိုက်လေယာဉ် (၃) စီးဖြင့် နာရီဝက်ခန့်ကြာ လှည့်ပတ်ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ (၁) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
၁၁။ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၁၇) ရက်နေ့၊ မွန်းတည့် (၁၂) နာရီအချိန်ခန့်တွင် မြောက်ဦးမြို့ရှိ ယခင်က ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်များ စခန်းချနေထိုင်ခဲ့သော တပ်စခန်းဟောင်း များကိုလည်း ဂျက်တိုက်လေယာဉ် (၄) စီးဖြင့် ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်ခဲ့သည်။
သတင်းနှင့်ပြန်ကြားရေး
အာရက္ခတပ်တော်



Comments