top of page

စစ်ရေးပစ်မှတ်မဟုတ်သော အပြစ်မဲ့အရပ်သားပြည်သူများနေထိုင်သည့် နေရာများကို ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ နေ့စဉ်နှင့်အမျှ ဗုံးကြဲတိုက်ခိုက်နေ

sawsaw310126
5 days ago
2 min read

စစ်ရေးပစ်မှတ်မဟုတ်သော အပြစ်မဲ့အရပ်သားပြည်သူများနေထိုင်သည့် နေရာများကို ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ နေ့စဉ်နှင့်အမျှ ဗုံးကြဲတိုက်ခိုက်နေ


၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၁၄) ရက်


ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်သည် အာရက္ခဒေသအတွင်းမှ စစ်ရေးပစ်မှတ်မဟုတ်သော အပြစ်မဲ့အရပ်သားပြည်သူများ နေထိုင်သည့် နေရာများကို ဂျက်တိုက်လေယာဉ်များဖြင့် နေ့စဉ်နှင့်အမျှ အကြမ်းဖက် ဗုံးကြဲတိုက်ခိုက်နေသောကြောင့် အာရက္ခပြည်သူများ သေဆုံး ဒဏ်ရာရရှိမှု၊ နေအိမ် အဆောက်အအုံများ ပျက်စီးဆုံးရှုံးမှုများမှာ မြင့်တက်လျက်ရှိသည်။


ယမန်နေ့ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၁၃) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၅၆) မိနစ် အချိန်ခန့်တွင် ပုဏ္ဏားကျွန်းမြို့၊ သမိုင်းဝင် ဦးရာဇ်တော်ဘုရား တည်ရှိရာ တောင်ခြေရင်း၊ ကြိုးတံတားအနီး ဝန်းကျင်ကို ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ ဂျက်တိုက်လေယာဉ်ဖြင့် (၃) ကြိမ်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး စက်သေနတ်ဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ အဆိုပါ လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ်အတွင်း ပုဏ္ဏားကျွန်းမြို့နယ်၊ စေတီရင်းကျေးရွာနေ ဒေါ်စိုးစိုး (၃၈ နှစ်) မှာ မျက်နှာတွင် ဗုံးစထိမှန်ကာ သေဆုံးသွားခဲ့ပြီး မဖြူဖွေး (၉ နှစ်) နှင့် ဒေါ်ကျော့စိန် (၇၁ နှစ်) တို့မှာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြသည်။ 


ထို့အပြင် ပုဏ္ဏားကျွန်းမြို့သို့ အလည်ရောက်ရှိနေကြသည့် ရသေ့တောင်မြို့မှ ဦးမိုးမိုး (၅၆ နှစ်) နှင့် ဦးအောင်ဝင်းမောင် (၄၃ နှစ်) တို့မှာလည်း ထိခိုက်ဒဏ်ရာများ အသီးသီးရရှိခဲ့ကြပြီး ဦးမိုးမိုး မှာ ပြင်းထန်ဒဏ်ရာဖြင့် သေဆုံးသွားခဲ့သည်။

 

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၄) ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့၊ သမိုင်းဝင် ဂူဝဘုရားကို ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့သဖြင့် ဘုရားဆင်းတုတော်များ ပျက်စီးဆုံးရှုံးမှုများရှိခဲ့သည်။


၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၁၁) ရက်နေ့၊ ညသန်းခေါင် (၁၂) နာရီ (၃၆) မိနစ်အချိန်ခန့်တွင်လည်း ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာ ဘုန်းကြီးကျောင်းကို ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ ဆူဆိုက်ဒရုန်းဖြင့် ဗုံးခွဲတိုက်ခိုက်ခဲ့သောကြောင့် စစ်ဘေးရှောင် သားအမိနှစ်ဦးဖြစ်သည့် ဒေါ်လှသန်းယဉ်နှင့် သမီးဖြစ်သူ ဦးသန်းခင်တို့ကို ဗုံးစထိမှန်ခဲ့ပြီး ဒေါ်လှသန်းယဉ်မှာ ဒဏ်ရာပြင်းထန်သဖြင့် ဆေးကုသမှုခံယူနေစဉ်အတွင်း သေဆုံးသွားခဲ့သည်။


၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၁၁) ရက်နေ့၊ ညနေ (၄) နာရီအချိန်ခန့်တွင် တောင်ကုတ်မြို့နယ်၊ ဝက်ကျိတ်အုပ်စု၊ ရွာသစ်ကေကျေးရွာကို ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ ဂျက်တိုက်လေယာဉ် (၂) စီးဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ၎င်းကျေးရွာမှ ဦးတင်မောင် (၅၉ နှစ်) မှာ ဦးခေါင်းကို ဗုံးစက်ထိမှန်ပြီး နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသွားခဲ့သည်။ ထိုနည်းတူ ရွာသစ်ကေရွာမှ ဦးမြင့်ရွှေ (၆၇ နှစ်) ၏ မျက်နှာနှင့် နောက်ကျောတို့တွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး ရွာသစ်ကေကျေးရွာသူ ဒေါ်ကြည်ကြည်လှိုင်ပိုင်ဆိုင်သော နွားတစ်ကောင်မှာလည်း ဗုံးစက်ထိမှန် သေဆုံးသွားခဲ့သည်။ ထို့အပြင် လူနေအိမ် (၂) လုံး ပျက်စီးဆုံးရှုံးခဲ့ရသည်။


၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၁၀) ရက်နေ့၊ ည (၉) နာရီ (၄၅) မိနစ်အချိန်ခန့်တွင် ဂွမြို့နယ်၊ ကျိန္တလီမြို့၊ အမှတ် (၁) ရပ်ကွက် နှင့် အမှတ် (၂) ရပ်ကွက်တိုကို ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ ဂျက်တိုက်လေယာဉ်ဖြင့် (၂) ကြိမ် ဗုံးသီး (၂) လုံးကြဲချတိုက်ခိုက်ခဲ့သည်။ အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျိန္တလီမြို့၊ အမှတ် (၁) ရပ်ကွက်မှ ဦးကျော်ခင် (၈၅ နှစ်) မှာ နေရာတွင် ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး အမှတ် (၂) ရပ်ကွက်မှ ဦးချစ်ဆန်းမောင် (၅၅ နှစ်) မှာ ထိခိုက်ဒဏ်ရာရရှိသွားခဲ့သည်။ ထို့အပြင် ၎င်းရပ်ကွက်အတွင်းရှိပြည်သူများ၏ နေအိမ် (၉) လုံးမှာလည်း ပျက်စီးဆုံးရှုံးခဲ့ရသည်။


ထိုနည်းတူ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၁၂) ရက်နေ့၊ ညနေ (၄) နာရီ (၁၅) မိနစ်အချိန်ခန့်တွင် ဆမီးမြို့နယ်၊ ဘွေလီကျေးရွာအနီးဝန်းကျင်ကို ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ ဂျက်တိုက်လေယာဉ်တစ်စီးဖြင့် လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အရပ်သားပြည်သူတို့၏ နေအိမ်၊ ဈေးဆိုင်များနှင့် ကား (၁) စီး၊ ကြက် (၆) ကောင်သေဆုံးခဲ့သည်။


(ဓာတ်ပုံ- ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၄) ရက်နေ့မှ စက်တင်ဘာ (၁၃) ရက်နေ့အထိ ပုဏ္ဏားကျွန်း၊ တောင်ကုတ်၊ ဂွ နှင့် ဆမီးမြို့တို့ကို ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူများ သေဆုံးဒဏ်ရာရရှိမှု၊ နေအိမ်အဆောက်အအုံများ ပျက်စီးဆုံးရှုံးမှု မှတ်တမ်းများ)


သတင်းနှင့်ပြန်ကြားရေး

အာရက္ခတပ်တော်

 


Recent Posts

See All
Breaking News!

Breaking News! ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၇) ရက် အာရက္ခပြည်၊ သံတွဲမြို့ကို ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ ယနေ့ နံနက် (၁၀) နာရီခွဲအချိန်မှ စတင်ကာ ဗုံးကြဲတိုက်ခိုက်လျက်ရှိသည်။ ထို့အတူ ယနေ့၊ နံနက် (၇) န

 
 
 
🚨Breaking News 🚨

🚨Breaking News 🚨 ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၃) ရက် အာရက္ခဒေသ၏ ပုဏ္ဏားကျွန်း-စစ်တွေ-ရသေ့တောင် မြို့ (၃) မြို့ အစပ်ကြား ပတ်ဝန်းကျင်ရှိ ကျေးရွာများဖြစ်ကြသော - (၁) ကွမ်းတောင်ကျေးရွာ (၂) ကုန်းတန်းကြိမ်ခ

 
 
 

Comments


Subscribe to Our Newsletter

  • White Facebook Icon

© 2035 by TheHours. Powered and secured by Wix

bottom of page