🚨Breaking News 🚨
🚨Breaking News 🚨
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၃) ရက်
အာရက္ခဒေသ၏ ပုဏ္ဏားကျွန်း-စစ်တွေ-ရသေ့တောင် မြို့ (၃) မြို့ အစပ်ကြား ပတ်ဝန်းကျင်ရှိ ကျေးရွာများဖြစ်ကြသော -
(၁) ကွမ်းတောင်ကျေးရွာ
(၂) ကုန်းတန်းကြိမ်ချောင်းကျေးရွာ
(၃) မက္ကလာကျကျေးရွာ
(၄) ညိုရောင် နှင့် မင်းလှကျေးရွာအကြား
(၅) -(က)ရသေ့တောင်မြို့နယ်၊ မိုးစဲကမ်းရှိ ကြက်ရိုးဆိပ်ရွာနှင့် ညောင်ပင်ကြီး (မူဆလင်ရွာ) အကြား
(ခ) ရသေ့တောင်မြို့နယ်၊ မိုးစဲကမ်းရှိ ကြက်ရိုးဆိပ်ရွာနှင့် ညောင်ပင်ကြီး (ရခိုင်ရွာ) အကြား
အစရှိသည့် ကျေးရွာများအတွင်းသို့ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ( ၃) ရက်၊ နေ့လယ် (၁) နာရီ (၃၅) မိနစ်ခန့်မှ စတင်ပြီး ဖက်ဆစ်အကြမ်းဖက်စစ်ကော်မရှင်မှ ဂျက်တိုက်လေယာဉ် (၄) စီးဖြင့် အကြိမ် (၃၀) ခန့် အား မိနစ် (၃၀) အတွင်း လှည့်ပတ်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
အာရက္ခဒေသပြည်သူများအနေဖြင့် ဖက်ဆစ်အကြမ်းဖက်စစ်ကော်မရှင်၏ လေကြောင်း၊ ရေကြောင်းရန်ကို အထူးသတိထားကြရန် ထပ်မံအသိပေးအပ်ပါသည်။
အသေးစိတ်အချက်အလက်များကို ဆက်လက်တင်ပေးသွားပါမည်။
သတင်းနှင့်ပြန်ကြားရေး
အာရက္ခတပ်တော်


Comments