ကျေးဇူးတင်လွှာ

ကျေးဇူးတင်လွှာ
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ (၇) ရက်
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၂၈) ရက်နေ့၊ နေ့လယ် (၁၂) နာရီကျော်ခန့်အချိန်တွင် အာရက္ခပြည်၊ ကျောက်တော်မြို့ရှိ အိန္ဒိယဈေးနှင့် ကစ္ဆပနဒီတံတားဝန်းကျင်၌ အပြစ်မဲ့အရပ်သား ပြည်သူ (၅၀) ဦး သေဆုံးပြီး (၅၇) ဦးဒဏ်ရာရရှိခဲ့သည်အထိ ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်၏ လေကြောင်းအကြမ်းဖက် တိုက်ခိုက်ခြင်းကို ခံခဲ့ရပါသည်။
အဆိုပါဖြစ်စဉ်အပေါ် အာရက္ခပြည်သူလူထုတစ်ရပ်လုံးနှင့်အတူ တစ်သွေးတည်း တစ်သားတည်း ရပ်တည်ပြီး စည်းလုံးညီညွတ်မှုကိုပြသကာ ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်၏ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုနှင့်အတူ ကြီးမားသော စစ်ရာဇဝတ်မှု ကျူးလွန်နေခြင်းအပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပေးခဲ့ကြသော လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ အားလုံးကို မိမိတို့အဖွဲ့အစည်းနှင့် အာရက္ခပြည်သူလူထုများမှ အမြဲထာဝရ အမှတ်ရရှိနေမည်ဖြစ်ပြီး များစွာကျေးဇူးတင်ရှိပါကြောင်း အလေးအနက် ထုတ်ပြန်အပ်ပါသည်။
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်



Comments